What's happening?

Video Sources 1747 Views Report Error

  • Watch trailer
Naruto Shippuden the Movie2007

Naruto Shippuden the Movie2007

Aug. 04, 200794 Min.
Your rating: 0
6 1 vote

Synopsis

အခုတစ်ခါမှာတော့ ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး Naruto Shippuden ရဲ့ပထမဆုံး Movie လေးလည်းဖြစ်တဲ့ Nauto Shippendan the movie လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီ Movie လေးကိုတော့ Naruto Shippudan စီးရီးလေးရဲ့အပိုင်း ၃၂ နောက်ပိုင်းလောက်ကနေ ဇာတ်အိမ်တည်ထားပါတယ်။Naruto Movie တို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်းတွေမှာ အမိုက်စားနောက်ခံတီးလုံးတွေနဲ့ကြည့်ရှုကြရမှာပါ။ဒါအပြင် ဟာသလေးတွေပါပါတော့ ပျင်းချိန်တောင်ရမှာမဟုတ်ပါဘူးနော်။ဒီဇာတ်လမ်းလေးရဲ့အစကတော့နည်းနည်းလေးထူးဆန်းပါတယ် ဘာလို့ဆို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Naruto သေဆုံးသွားတာကို ဇာတ်လမ်းအစမှာ တွေ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း….

    Yomi ဆိုသောလူတစ်ဦးဟာ သူတတ်ကျွမ်းသောအမှောင်ဆေးအတတ်ပညာတွေနဲ့ Moryo လို့ခေါ်တဲ့ နတ်မိစ္ဆာကြီးတစ်ပါးကို တခြားကမ္ဘာလောကကြီးကနေ ဒီဘက်ကမ္ဘာကြီးဆီဆင့်ခေါ်ကာ တိုင်းပြည်အသီးသီးကိုတိုက်ခိုက်ပြီး ဘုရင့်နိုင်ငံတစ်ခုအဖြစ်နဲ့ တစ်ကမ္ဘာလုံးကိုအုပ်စိုးနိုင်ဖို့  ကြံစည်ခဲ့ပါတယ်။

   Moryo ကိုဆင့်ခေါ်နိုင်ဖို့ရာ တစ်ဘက်ကမ္ဘာလောကဆီရောက်ရှိနေသော Moryo ရဲ့စိတ်ဝိညာဉ်ကို ဒီဘက်ကမ္ဘာဆီအရင်ဆင့်ခေါ်ရပါမယ်။ ပြီးရင်တော့ ဒီဘက်ကမ္ဘာမှာရှိနှင့်နေပြီးသော Moryo ၏ရုပ်ခန္ဓာနှင့်ပေါင်းစည်းပေးရမှာပါ။ သို့ပေမဲ့ Moryo ရဲ့ရုပ်ခန္ဓာဟာ စိမ့်မြေတိုင်းပြည်လို့ခေါ်သော တိုင်းပြည်အတွင်းရှိ ဗိမာန်ကြီးတစ်ခုမှာ ချိတ်ပိတ်ခံထားရပါတယ်။ ဒီတော့ Moryo ဟာသူရဲ့မသေမျိုးရုပ်သေးစစ်တပ်ကြီးနဲ့အတူ ထိုဗိမာန်ရှိရာကိုသွားမှာပါ။

   တကယ်လို့ သူသာဗိမာန်ဆီရောက်ပြီး ရုပ်ခန္ဓာသာရသွားလို့ကတော့ ကမ္ဘာကြီးအတွက်မတွေးတံ့စရာပါဘဲ။ ဒီလိုတွေဖြစ်မလာအောင် ယက္ခတိုင်းပြည်မှာရှိတဲ့နတ်ဆရာမလေးဟာ ရုပ်ခန္ဓာရှိရာဗိမာန်ဆီကို Moryo ထက်ဦးအောင်သွားပြီး နောက်တစ်ကြိမ်ချိတ်ပိတ်ပေးရမှာပါ။ ဒါကြောင့် ဗိမာန်ရှိရာဆီနတ်ဆရာလေး ချောချောမွေ့မွေ့ ရောက်နိုင်ဖို့ရာ Naruto Sakura Neji နဲ့ Rock Lee တို့လေးဦးကတာဝန်ယူပို့ဆောင်ပေးကြမှာပဲဖြစ်ပါတယ်

ဆိုတော့ကာ နတ်ဆရာမလေးကပဲ ဗိမာန်ဆီအရင်ရောက်သွားမလား Moryo ကပဲ အရင်ရောက်သွားမလား။ လမ်းမှာရောဘယ်လိုအခက်အခဲမျိုးတွေရင်ဆိုင်ရဦးမှာလဲ။ ဇာတ်လမ်းအစမှာပြခဲ့တဲ့ Naruto သေဆုံးသွားတယ်ဆိုတာကရော ဘာအဓိပ္ပာယ်လဲ။

ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။

𝚀𝚞𝚊𝚕𝚒𝚝𝚢      – 4k,𝟭𝟬𝟴𝟬𝗽,𝟳𝟮𝟬𝗽

𝙳𝚞𝚛𝚊𝚝𝚒𝚘𝚗   – 𝟵𝟯𝗠𝗶𝗻

𝚆𝚛𝚒𝚝𝚎𝚛       – 𝐉𝐮𝐧𝐤𝐢 𝐓𝐚𝐤𝐞𝐠𝐚𝐦𝐢

𝙶𝚎𝚗𝚛𝚎         – 𝐀𝐜𝐭𝐢𝐨𝐧,𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞,𝐅𝐚𝐧𝐭𝐚𝐬𝐲

𝚂𝚞𝚋𝚝𝚒𝚝𝚕𝚎   – 𝐌𝐲𝐚𝐧𝐦𝐚𝐫

𝚃𝚛𝚊𝚗𝚜𝚕𝚊𝚝𝚎 – 𝐋𝐢𝐧𝐇𝐭𝐞𝐭

𝙴𝚗𝚌𝚘𝚍𝚎      – 𝐌𝐞𝐤𝐚𝐝𝐨𝐭𝐨𝐣𝐢

𝚁𝚎𝚟𝚒𝚎𝚠      – 𝐋𝐢𝐧𝐇𝐭𝐞𝐭

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

#nbmmsub

#narutomovie

#nbmm

#narutoshippudenmovie

#narutomoviemmsub

Naruto Shippuden the Movie2007
Naruto Shippuden the Movie2007
Naruto Shippuden the Movie2007
Naruto Shippuden the Movie2007
Naruto Shippuden the Movie2007
Naruto Shippuden the Movie2007
Original title 劇場版 NARUTO -ナルト- 疾風伝
TMDb Rating 7.402 1,037 votes

Director

Cast

Junko Takeuchi isNaruto Uzumaki (voice)
Naruto Uzumaki (voice)
Chie Nakamura isSakura Haruno (voice)
Sakura Haruno (voice)
Yōichi Masukawa isRock Lee (voice)
Rock Lee (voice)
Koichi Tochika isNeji Hyûga (voice)
Neji Hyûga (voice)
Ayumi Fujimura isShion (voice)
Shion (voice)
Keisuke Oda isTaruho (voice)
Taruho (voice)
Daisuke Kishio isSusuki (voice)
Susuki (voice)
Fumiko Orikasa isMiroku (voice)
Miroku (voice)
Miyuki Sawashiro isShizuku (voice)
Shizuku (voice)
Katsuyuki Konishi isSetsuna (voice)
Setsuna (voice)

Similar titles

Naruto Shippuden the Movie: Bonds2008
The Last: Naruto the Movie2014
Naruto the Movie: Ninja Clash in the Land of Snow2004