
ဒီဇာတ်လမ်းလေးကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Naruto ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Movie လေးလည်းဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာဆိုရင်တော့ Naruto တစ်ယောက် အရွယ်ရောက်လာကာ ငယ်စဉ်ကလိုမဟုတ်တော့ဘဲ တဖြည်းဖြည်းရင့်ကျက်လာပြီး Naruto နဲ့ Hinata တို့နှစ်ဦးကြားက သံယောဇဥ်အနှောင်အဖွဲ့လေးဟာလည်း ပိုခိုင်မာလာပုံကိုအားလုံးပဲမြင်တွေ့ရကြမှာပါ။
ဇာတ်လမ်းအကျဉ်း
Hyuga မျိုးနွယ်ရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ Haishi Hyuga ဟာထူးဆန်းတဲ့လူတစ်ဦးဆီကနေ တောင်းဆိုမှုတစ်ခုကိုလိုက်ရောဖို့ အတင်းအကြပ်ဖိအားပေးခြင်းခံခဲ့ရပါတယ်။ဒီလူထူးဆန်းရဲ့တောင်းဆိုမှုကတော့ Byakugan မင်းသမီးလေးကို သူ့ဆီအပ်နှင်းဖို့ပဲဖြစ်ပါတယ်။သို့ပေမဲ့ Haishi ဟာဒီတောင်းဆိုမှုကို ငြင်းပယ်ခဲ့တာကြောင့် လူထူးဆန်းရဲ့လူတွေတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတော့တယ်။
အဲနောက်မှာတော့ လူထူးဆန်းရဲ့လက်ပါးစေတွေဟာ Hyuga အိမ်တော်ကိုရောက်လာခဲ့ကြပြီး Hinata ရဲ့ညီမလေး Hanabi ကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။ဒီလိုနဲ့ Naruto Sakura Sai Shikamaru နဲ့ Hinata တို့တတွေဟာ Hanabi ကိုလိုက်လံရှာဖွေကာ ကယ်ဆယ်ကြဖို့တာဝန်ပေးခြင်းခံရပါတော့တယ်။
တစ်ဘက်မှာလည်း Kage ငါးဦးဟာ အရေးကြီးညီလာခံတစ်ရပ်ကိုဆွေးနွေးလို့နေပါတယ်။သူတို့တွေဆွေးနွေးနေတဲ့အဓိကအကြောင်းအရင်းကတော့ လကြီးဟာကမ္ဘာမြေနဲ့နီးကပ်လာတာကြောင့်ပဲဖြစ်ပါတယ်။ဒီတိုင်းသာဆက်လက်နီးကပ်နေရင်
ကမ္ဘာနဲ့လနဲ့တိုက်မိပြီး ကပ်ဘေးကြီးကျရောက်နိုင်တာကြောင့် kage ငါဦးလည်းအကြပ်ရိုက်နေကြတာပေါ့။
Hanabi ကိုဘာကြောင့်များဖမ်းခေါ်သွားကြတာပါလဲ။လကြီး ကမ္ဘာမြေနဲ့နီးကပ်လာတာကရော ဒီကိစ္စနဲ့ဆက်စပ်နေမလား
Hanabi ကိုရောဘေးကင်းကင်းပြန်လည်ကယ်ဆယ်နိုင်ကြပါ့မလား
အားလုံးပဲ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျ
𝚀𝚞𝚊𝚕𝚒𝚝𝚢 – 𝟭𝟬𝟴𝟬𝗽,𝟳𝟮𝟬𝗽,𝟯𝟲𝟬𝗽
𝙳𝚞𝚛𝚊𝚝𝚒𝚘𝚗 – 𝟏𝐡 𝟓𝟐𝐦
𝙳𝚒𝚛𝚎𝚌𝚝𝚘𝚛 – 𝐓𝐬𝐮𝐧𝐞𝐨 𝐊𝐨𝐛𝐚𝐲𝐚𝐬𝐡𝐢
𝙶𝚎𝚗𝚛𝚎 – 𝐀𝐜𝐭𝐢𝐨𝐧,𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞,𝐅𝐚𝐧𝐭𝐚𝐬𝐲
𝚂𝚞𝚋𝚝𝚒𝚝𝚕𝚎 – 𝐌𝐲𝐚𝐧𝐦𝐚𝐫
𝚃𝚛𝚊𝚗𝚜𝚕𝚊𝚝𝚎 – 𝐋𝐢𝐧𝐇𝐭𝐞𝐭
𝙴𝚗𝚌𝚘𝚍𝚎 – 𝐌𝐞𝐤𝐚𝐝𝐨𝐭𝐨𝐣𝐢
𝚁𝚎𝚟𝚒𝚎𝚠 – 𝐋𝐢𝐧𝐇𝐭𝐞𝐭
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸