
ဒီတစ်ခါကျွန်တော်တို့ရွေးထားတဲ့ စီးရီးလေးကတော့𝗢𝗻𝗲 𝗣𝘂𝗻𝗰𝗵 𝗠𝗮𝗻ဖြစ်ပါတယ်။ ဒီစီးရီးလေးကိုတော့ ၂၀၁၅ ခုနှစ်
မှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး One က web comic လေးတစ်ခုအဖြစ်စတင်ရေးဆွဲခဲ့ကာ Yusuke Murata မှသူ့ရဲ့
သေသပ်လှတဲ့လက်ရာလေးနဲ့ Manga အဖြစ်ပြန်လည်အသက်သွင်းပေးထားတာပဲဖြစ်ပါတယ်။ကြည့်ဖူးပြီးသားသူတွေ
လည်းရှိကြမှာဖြစ်သလို မကြည့်ဖူးသေးတဲ့ပရိတ်သတ်တို့ကိုလည်း ကြည့်ရှုကြည့်ကြဖို့တိုက်တွန်းပါရစေ။
ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ဆန်ဆန်ကားလေးကိုမှ ဟာသလေးတွေနှောထားတာဆိုတော့ ကြည့်လို့ကောင်းမှာ အသေအချာ
ပါပဲခင်ဗျ။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းလေးထဲမှာဆိုရင်တော့ မွန်းစတားတွေဟာလူသားတို့နေထိုင်ရာ လူ့အဖွဲ့အစည်းကြီးမှာထွက်ပေါ်လာကြပြီး
လူသားတို့ကိုတိုက်ခိုက်ရန်ပြုကြကာ ကမ္ဘာကြီးကိုအုပ်စိုးဖို့ကြံစည်နေကြတဲ့ပုံစံလေးဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Saitama ဟာလိုက်လျှောက်သမျှအလုပ်တိုင်း အပယ်ခံခဲ့ရပြီး တစ်နေ့တော့
စိတ်ပျက်လက်ပျက်လမ်းလျှောက်လာရင်း မွန်းစတားတစ်ကောင်ဟာ ကလေးတစ်ယောက်ကိုရန်ပြုဖို့လုပ်နေတာနဲ့ သွား
ဆုံပါတော့တယ်။
အလုပ်လျှောက်မရလို့ စိတ်ပျက်နေတဲ့ Saitama တစ်ယောက် ဒီအဖြစ်အပျက်ကိုလည်းမြင်ရော မနေနိုင်မထိုင်နိုင်ဝင်
ကူညီမိလေရဲ့။ညစ်ညစ်နဲ့ မွန်းစတားကိုဝင်တီးလိုက်တာ လက်ဗလာနဲ့အနိုင်ယူနိုင်သွားပါတော့တယ်။
မွန်းစတားတစ်ကောင်ကိုလက်ဗလာနဲ့အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ Saitama ဟာ လူတွေကိုကာကွယ်ပေးချင်တာ
ကြောင့် အပျော်တမ်းဟီးရိုးတစ်ဦးအဖြစ်လုပ်ကိုင်ရန်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ဟီးရိုးတစ်ဦးအဖြစ်လုပ်ကိုင်ဖို့ရာ
အပြင်းအထန်လေ့ကျင့်လိုက်တာ ရန်သူတစ်ဦးကိုတစ်ချက်တည်းနဲ့အနိုင်ယူနိုင်သည်အထိ အစွမ်းထက်လာလေရဲ့။
အဲနောက်မှာတော့…..
ကဲ Saitama ရဲ့အပျော်တမ်းဟီးရိုးဘဝဖြတ်သန်းပုံတွေ ရုပ်တည်ကြီးနဲ့ပေါက်ကရလုပ်ပုံတွေကို ပါးစပ်မစိနိုင်အောင်
ရယ်မောရင်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။
Season 3
ကဲ One-Punch Man ပရိသတ်တို့ရေ! 👊
ကြာကြာစောင့်ခဲ့ရတဲ့ One-Punch Man Season 3 ကို nbmmsub ကနေ မြန်မာစာတန်းထိုး နဲ့အတူ မကြာခင်မှာပဲ
ကြည့်ရှုရတော့မယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်!
ဒီ Season မှာတော့ Manga ရဲ့ အသည်းအသန် အရှိဆုံး ဇာတ်လမ်းပိုင်းဖြစ်တဲ့ "Monster Association Arc"
ကို အဓိကထားပြီး ပုံဖော်ထားပါတယ်ဗျ။
ပြီးတော့ အမိုက်စား War : Hero Association ရဲ့ S-Class သူရဲကောင်းတွေနဲ့ Monster Association ရဲ့
အင်အားကြီး မိစ္ဆာတွေကြားမှာ ကမ္ဘာပျက်မတတ် တိုက်ပွဲကြီး ဖြစ်တော့မှာပါ။ Tatsumaki တို့လို Hero တွေရဲ့
စွမ်းအားအပြည့် ထုတ်သုံးတဲ့ တိုက်ခိုက်ခန်းတွေဟာ မျက်လှည့်ပြသလိုပဲ အမိုက်စား ဖြစ်နေမှာပါ။
Hero Hunter ဖြစ်တဲ့ Garou ဟာ လူသား-မိစ္ဆာ (Human Monster) အဖြစ် လုံးဝကို ပြောင်းလဲသွားပြီး ဒီ
Season ရဲ့ အဓိက အစွမ်းအကြီးဆုံးရန်သူ အဖြစ် ပါဝင်လာပါပြီ။
ကျွန်တော်တို့ရဲ့ Hero ကြီးကတော့ ဒီပြင်းထန်တဲ့ စစ်ပွဲတွေကြားထဲမှာ သူ့ကို ပျင်းရီးငွေ့စေမယ့် ရန်သူ တစ်ယောက်
များ ပေါ်လာမလားဆိုတာကိုပဲ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါဗျ။ Season 3 1080p
Episode 01 – Mediafire / MEGA / Megaup / Telegram 1080p
————————-
Season 2 1080p
Episode 01 – Mediafire / MEGA / Megaup
Episode 02 – Mediafire / MEGA / Megaup
Episode 03 – Mediafire / MEGA / Megaup
Episode 04 – Mediafire / MEGA / Megaup
Episode 05 – Mediafire / MEGA / Megaup
Episode 06 – Mediafire / MEGA / Megaup
Episode 07 – Mediafire / MEGA / Megaup
Episode 08 – Mediafire / MEGA / Megaup
Episode 09 – Mediafire / MEGA / Megaup
Episode 10 – Mediafire / MEGA / Megaup
Episode 11 – Mediafire / MEGA / Megaup
Episode 12 – Mediafire / MEGA / Megaup
————————-
Season 1 1080p
Episode 01 – Mediafire / MEGA / Megaup
Episode 02 – Mediafire / MEGA / Megaup
Episode 03 – Mediafire / MEGA / Megaup
Episode 04 – Mediafire / MEGA / Megaup
Episode 05 – Mediafire / MEGA / Megaup
Episode 06 – Mediafire / MEGA / Megaup
Episode 07 – Mediafire / MEGA / Megaup
Episode 08 – Mediafire / MEGA / Megaup
Episode 09 – Mediafire / MEGA / Megaup
Episode 10 – Mediafire / MEGA / Megaup
Episode 11 – Mediafire / MEGA / Megaup
Episode 12 – Mediafire / MEGA / Megaup
————————-