
Naruto ဖန်တွေအတွက် ရင်ထဲကိုထိရှစေမယ့်၊ ကြည့်ရင်းနဲ့ မျက်ရည်ဝဲစေမယ့် အကောင်းဆုံး The Movie တစ်ကားကို ညွှန်းပေးချင်ပါတယ်… ဒါကတော့ “Road to Ninja: Naruto the Movie (2012)” ပဲဖြစ်ပါတယ်။ 🍜✨
ဒီဇာတ်ကားဟာ Naruto ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး ဆရာ Masashi Kishimoto ကိုယ်တိုင် ဇာတ်လမ်းပိုင်းမှာ ပါဝင်ရေးသားပေးထားတဲ့အတွက် Naruto Fan တွေကြားမှာ အရမ်းကို လူကြိုက်များခဲ့တဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…
တစ်နေ့မှာ Naruto နဲ့ Sakura တို့ဟာ Tobi ရဲ့ ဂျုဆုတစ်ခုဖြစ်တဲ့ Limited Tsukuyomi အိပ်မက်ကမ္ဘာထဲကို ပိတ်မိသွားခဲ့ပါတယ်။ အဲဒီကမ္ဘာကြီးမှာတော့ သူတို့သိထားတဲ့ အရာအားလုံးက ပြောင်းပြန်တွေဖြစ်နေခဲ့ပါတယ်။
ဥပမာ – Sasuke က ရွာပြေးမဟုတ်ဘဲ မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ ပလေးဘွိုင်တစ်ယောက်ဖြစ်နေတာ၊ Hinata က ရှက်တတ်တဲ့ကောင်မလေးမဟုတ်ဘဲ အရမ်းရဲတင်းပြီး ခပ်ကြမ်းကြမ်းဖြစ်နေတာ၊ Shikamaru က ဉာဏ်မကောင်းတော့တာ၊ Neji က Pervert ဖြစ်နေတာ စတဲ့ ရယ်ရမယ့်အကွက်တွေ အများကြီးပါဝင်ပါတယ်။ 😅
ဒါပေမယ့် အရေးအကြီးဆုံးနဲ့ ရင်အနာရဆုံး အချက်ကတော့ အဲ့ဒီကမ္ဘာမှာ Naruto ရဲ့ မိဘတွေဖြစ်တဲ့ ၄ ဆက်မြောက် ဟိုကာဂဲ Minato နဲ့ Kushina တို့ဟာ မသေဆုံးသေးဘဲ သက်ရှိထင်ရှားရှိနေကြပြီး Sakura ရဲ့ မိဘတွေကတော့ ရွာကိုကယ်တင်ရင်း အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေ ဖြစ်နေခဲ့ပါတယ်။ မွေးကတည်းက မိဘမေတ္တာငတ်မွတ်ခဲ့ရတဲ့ Naruto တစ်ယောက် သူတစ်သက်လုံး တောင့်တခဲ့ရတဲ့ မိသားစုအနွေးဓာတ်ကို ရရှိသွားတဲ့အခါ ဘယ်လိုခံစားရမလဲ… သူ့အနေနဲ့ တကယ့်လက်တွေ့ကမ္ဘာကို ပြန်သွားဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် ဒီအိပ်မက်ကမ္ဘာထဲမှာပဲ မိဘတွေနဲ့အတူ ဆက်နေသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ 🥺❤️ ဒီကားလေးဟာ ရယ်စရာ အခန်းတွေ၊ Action အခန်းတွေ မိုက်သလို Emotional လည်း အရမ်းဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အထူးသဖြင့် မိသားစုမေတ္တာရဲ့ တန်ဖိုးနဲ့ မိဘနှစ်ပါးအပေါ်ထားတဲ့ Naruto ရဲ့ ခံစားချက်တွေကို သေချာလေး ပုံဖော်ပေးထားလို့ ကြည့်နေရင်း မျက်ရည်ကျရလောက်အောင်ကို ကောင်းမွန်ပါတယ်။ Tobi ရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ အခြားကမ္ဘာက ဗီလိန် Menma နဲ့ တိုက်ခိုက်ရမယ့် အကြိတ်အနယ် Action အခန်းတွေကလည်း လုံးဝ (လုံးဝ) အမိုက်စားပါပဲ။ Naruto Fan စစ်စစ်တွေဆိုရင် ဒီကားလေးကို လုံးဝ လက်မလွှတ်သင့်ပါဘူးနော်။ 💥🔥
အားလုံးပဲ့ ကြည့်ရှုအားပေးကြပါဦး ….
Translated by : Soe Htet Zin
Encoded by : Mekadotoji
File Size : 1.7GB and 870MB
Duration : 1h 50min